Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့မှူး၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက်က မြို့သစ်ရပ်ကွက်၌ ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့ မြို့မဈေးအတွင်း၌ အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေးခြင်း ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ဗီနိုင်းပိုစတာ ကပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်းများဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ် (၅) ရပ်ကွက်ရှိ ဇမိရတနာဈေးအတွက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် မြို့သာယာလှပရေးအတွက် သပြေဘူတပျိုးပင် ၄၀၀ ကျော်စိုက်ပျိုးပြီးစီး
Aug 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့သာယာလှပစေရန် ရည်ရွယ်၍ မြို့နယ် စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး နမ့်စန်တပ်နယ်ရုံးရှေ့တွင် ယနေ့ နံနက် ၈ နာရီ က သပြေဘူတပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ်၌ မေထုန်မဲ့သားစပ်ခြင်း သင်တန်းဖွင့်လှစ်
Aug 12,2020
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် စီပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်ဖြင့်(CERP)အရ ဖွင့်လှစ်သော မေထုန်မဲ့သားစပ်ခြင်းသင်တန်းကို ယနေ့ နံနက်က မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ မိုးလယ်စိုက်ပြောင်းစိုက်ခင်းများအား FAW (ငမြှောင်တောင်ပိုး) ကျရောက်မှု ကြိုတင် ကင်းထောက် နိုင်သည့် Phenomone Trap ချိတ်ဆွဲခြင်း ကွင်းဆင်းဆေ…
Aug 12,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူးပြီး ဖျက်အားပျင်း FAW (ငမြှောင်တောင်ပိုး) ကျရောက်မှု အခြေအနေများကို ကြိုတင်ကင်းထောက်နိုင်သည့် Phenomone Trap ချိတ်ဆွဲခြင်း အား အမှတ် (၂)ရပ်ကွက်ရှိ တောင်သူ ဒေါ်ကေသွယ်ထွန်း၏ မိုးလယ်စိုက်ပြောင်းစိုက်ခင်းတွင် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့ အထက(တုန်ဟုန်း)ကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Aug 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ထိန်းချုပ် ကာကွယ်ရေးအနေဖြင့် ကျိုင်းတောင်းမြို့ အထက(တုန်ဟုန်း) ကျောင်း၌ ယနေ့ ၉ နာရီအချိန်က ပိုးသတ်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည် တင်သွင်းလွှာများစစ်ဆေး
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သာယာဝတီခရိုင်အတွင်း ပါဝင် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းလွှာများ စိစစ်ခြင်းကို သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီမြစ်ရေ ကျဆင်းချိန်တွင် မြန်အောင်တာမိုင် ၆/၇နှင့်၇/၀အတွင်း လွန်ဆေးမြိုင် ပန်းခြံအနီးနှင့် မြန်အောင်တာမိုင် ၆/၃ မကျီးစုတာ ကမ်းပြိုမှုများ ဖြစ်ပေါ်…
Aug 12,2020
ဧရာဝတီမြစ်ရေကျချိန်တွင် မြန်အောင်တာမိုင် ၆/၇နှင့်၇/၀အတွင်း လွန်ဆေးမြိုင်ပန်းခြံအနီးနှင့် မြန်အောင် တာမိုင် ၆/၃ မကျီးစုတာတို့မှာ ယမန်နေ့က ကမ်းပြိုမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30153
Page
30154
Page
30155
Page
30156
Current page
30157
Page
30158
Page
30159
Page
30160
Page
30161
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department