Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သရက်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်
Aug 12,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပိတောက်ပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအရောက်နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးခြင်းနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲကို Online မှတစ်ဆင့် ပြသဆောင်ရွက်
Aug 12,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာ ပေး Talk Show ဆွေးနွေးပွဲနှင့် နံရံစာစောင် ဓါတ်ပုံကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းလျှောက်ထားသူများအား (ဒုတိယနေ့)ဆက်လက်စိစစ်
Aug 12,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင် ခရိုင်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်အမည်စာရင်း တင်သွင်း လွှာများ စိစစ်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က ယနေ့ နံနက်ပိုင်းတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရိပ်သာ၌ (ဒုတိယနေ့)အဖြစ် စိစစ်ခြင်းဆောင်ရွက်ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ
Aug 12,2020
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကျေးရွာ (၄) ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 12,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရုံးချုပ်) ၏ ခွင့်ပြုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာ (၄) ရွာအတွက် မတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်း ကျေးရွာ (၄) ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရတောင်သူများအားလုပ်အားခငွေနှင့် ဓါတ်မြေသြဇာများ အခမဲ့ ပေးအပ်
Aug 12,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ COVID-19 ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးသန့် ၊ မျိုးစေ့ထုတ် လုပ်ငန်းများ ဆောင်ရွက်သော တောင်သူလယ်သမားများအတွက် လုပ်အားခငွေများနှင့် ဓါတ်မြေသြဇာများကို စဉ့်ဆိုင် ကျေးရွာအုပ်စု ၊ မိုင်းယွန်းကျေးရွာရှိ တောင်သူဦးစိုင်းဝ၏လယ်ကွင်း၌ ယမန်နေ့ ညနေ ၄ နာရီက သွားရောက် ၍ တောင်သူလက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့တွင် အရေးပေါ်ရိက္ခာ စားအုန်းဆီ ၅၄.၃၉ တန်ကို မြစ်သာခန်းမတွင် သိုလှောင်ထားရှိ
Aug 12,2020
ဂန့်ဂေါခရိုင်အတွက်ရရှိသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာ စားအုန်းဆီတန်ချိန် ၅၄.၃၉ တန် (ဆီပုံး - ၃၃၇၂ ပုံး)ကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ ဇူလိုင်လ ၁၄ ရက်မှ စတင်လက်ခံသိုလှောင် ထားရှိကြောင်း ဂန့်ဂေါမြို့ စားသုံသူရေးရာဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့ သုခလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်
Aug 12,2020
လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်း(၁၀၀)အောက် ခွင့်ပြုရန်ပုံငွေဖြင့် လွိုင်လင်မြို့ မြို့တွင်းရှိ သုခလမ်းကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30156
Page
30157
Page
30158
Page
30159
Current page
30160
Page
30161
Page
30162
Page
30163
Page
30164
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department