Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတနော်မြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းပို့ချ
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္တတန်း သင်ရိုးသစ် မြို့နယ်အဆင့် Face to Face သင်တန်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က (၁) ကျောင်းတွင် စတင်ပို့ချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာတွင် နတ်မြောင်းချောင်း တာရိုးကျိုးပေါက်မှုကြောင့် လယ်ဧက ၂၀၀ ကျော်ပျက်စီး
Aug 06,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ နတ်မြောင်းချောင်း တာရိုးသည် ၃ရက်ခန့် မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ချောင်းရေကြီးပြီး ယမန်နေ့ည ၉ နာရီအချိန်ခန့်တွင် ချောင်းတာရိုးကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ စိုက်ပျိုးပြီးလယ်မြေများအတွင်းသို့ ဖြတ်သန်းစီးဆင်းခဲ့မှု ကြောင့် လယ်ဧက ၂၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
Aug 06,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့ နံနက် ၉နာရီတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် မဲစာရင်းကြည့်ရှုသူ ၂၄၅၂၇ ဦးနှင့် တောင်းဆို၊ ကန့်ကွက် ပြင်ဆင်သူ ၅၇၃ ဦးရှိ
Aug 06,2020
၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ထုတ်ပြန်ကြေညာ လျက်ရှိရာ ယနေ့အထိ မဲစာရင်းကြည့်ရှုသူ ၂၄၅၂၇ ဦးနှင့် တောင်းဆို၊ ကန့်ကွက် ပြင်ဆင်သူပေါင်း ၅၇၃ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲဆန္ဒရှင်အမည်စာရင်း ကပ်ထား ကြေညာထားမှုများအား ကွင်းဆင်းစစ်ဆေး
Aug 06,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၌ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်
Aug 06,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန် အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝဏ္ဏ ဒီပရပ်ကွက်၊ လောကပါလဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင်(CERP)အစီအစဉ်အရ ကျင်သီကျေးရွာနှင့် တိန်းချေ/ တိန်းစံကျေးရွာတို့တွင် ကြက်/ဝက် မွေးမြူ ထုတ်လုပ်ရေးသင်တန်း ဖွင့်လှစ်
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင်အခွင့် အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းများဖြစ်သည့် ကြက်မွေးမြူ လုတ်လုပ် သင်တန်း နှင့် ဝက်မွေးမြူထုတ်လုပ်သင်တန်းများကို ယနေ့ နံနက်(၉)နာရီ အချိန်က အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျင်သီ ကျေးရွာနှင့် တိန်းချေ/ တိန်းစံကျေးရွာများတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30203
Page
30204
Page
30205
Page
30206
Current page
30207
Page
30208
Page
30209
Page
30210
Page
30211
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department