Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘိုကလေးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Aug 06,2020
ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေး သမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယနေ့နံနက်(၉)နာရီခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ၎င်းတို့အဖွဲ့ပိုင် စည်ပင်သာယာရေးဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧက တိုးတက်လာစေရေး လုပ်ဆောင်
Aug 06,2020
ဝါသီးနှံစိုက်ဧကများ တိုးတက်လာစေရေး ဝါစိုက်တောင်သူများကို အသိပညာပေးခြင်းနှင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးများဖြင့်စိုက်ပျိုးထားသော စိုက်ခင်းများအား ကွင်းသရုပ်ပြပွဲများ လုပ်ဆောင်ပေးလျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာန ဦးထွန်းရှိန် ၏ ပြောကြားချက် များအရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးခရိုင် မြို့သစ်မြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာကြား ပုတီးကုန်းကျေးရွာအနီး ရထားလမ်းပျက်စီးကာ ခ…
Aug 06,2020
မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာအကြား ရထားလမ်းမိုင် တိုင်အမှတ် ၃၀၃ /၂-၃ ကြား ပုတီးကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းမှာ မိုးအဆက် မပြတ်သည်း ထန်းစွာ ရွာသွန်းမှုကြောင့် ရထားလမ်းအား မိုးရေတိုက်စားကာ ရထား သံလမ်း ၏ ဇလီဖားတုံး များ ပြုတ်ထွက်ပြီး ရထားလမ်းအောက်ခံမြေသားဘောင်မှာ (၁၄) ပေခန့် ရေ တိုက်စား ပျက်စီး သွားခဲ့သဖြင့် မီးရထားပေါ်လိုက်ပါလာသည့် ခရီးသွား ပြည်သူများ အချိန်(၄) နာရီကျော်ခန့် ခရီးကြန့်ကြာသွား ခဲ့ကြောင်း မြို့လုလင်ဘူတာရုံပိုင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကျေးရွာ(၄)ရွာရှိ စိုက်ဧက(၂၀၀)တွင် (CERP)အရ စပါးမျိုးစေ့ ထုတ်စိုက်ခင်းများစိုက်ပျိုး
Aug 06,2020
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ (CERP) အစီအစဉ်အရ စပါးမျိုးစေ့မျိုးသန့်များ ရရှိစေရန်၊ ရေမြေဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များရရှိစေရန်၊ နှင့် တစ်ဧက ထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးသန့်မျိုးပွားမျိုးစေ့(RS)ကိုအသုံးပြုပြီး မျိုးသန့်မျိုးစေ့ (CS)ကို ရရှိပြီးအသွေးပြည့်မီစေရန် အတွက် ချောင်းဆုံမြို့နယ်မျိုးစေ့ထုတ်ဧက(၂၀၀)ကို ယခုနှစ်မိုး ရာသီတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ရှိ တမာတန်းလမ်းကို ပြည်သူထည့်ဝင်ငွေနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေပူးပေါင်း၍ ကွန်ကရစ်လမ်းခင်း
Aug 06,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်သူထည့်ဝင်ငွေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ပူးပေါင်း၍ တမာတန်းလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီ၌ အကျိုးဆောင်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်
Aug 06,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်းခန်းမ၌ အကျိုးဆောင် တောင်သူ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲ နှင့် Cash For Work စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 06,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကျေးရွာ မတည် ရန်ပုံငွေ (VRFP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲနှင့် Cash For Work စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ် OSS အဖွဲ့မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆော…
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် OSS အဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနရုံးနှင့် ပူးပေါင်း၍ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် လိုအပ်သူများကို ယနေ့နံနက်ပိုင်းက ခရမ်းမြို့နယ် ပန်းတောချောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30204
Page
30205
Page
30206
Page
30207
Current page
30208
Page
30209
Page
30210
Page
30211
Page
30212
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department