Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Mar 24,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း လူအများမြင်သာသောနေရာများ၌ ယနေ့မနက်(၉)နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ပြည်သူလူထု ကျယ်ပြန့်စွာသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက်(၂၅ပေ×၈ပေ)အရွယ် အသိပညာပေးမြေစိုက်နံရံကပ်ဘုတ် တစ်ခုကိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့စည်ပင်သာယာရေးအဖွဲ့တို့ကပူးပေါင်းစိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အတွက် သီးသန့်လူနာခန်းအပါအဝင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်
Mar 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အတွက် သံဃာ့ဆေးရုံအားသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်၌ ခရိုင်ရဲမှူး ဒုရဲမှူးကြီးသက်ကိုကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင် တို့မှ ဦးဆောင်၍ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသော သက်ကြီးဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ် အကြောင်း အသိပညာပေး
Mar 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် သက်ကြီး ဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့ တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အသိပညာပေးနှင့် ကျန်းမာရေး စစ်ဆေးမှုဆောင်ရွက်
Mar 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ပင်စင် လစာများ ထုတ်ယူသည့် အငြိမ်းစား ဝန်ထမ်းများအား ကျန်မားရေး စစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၀နာရီက ချီဖွေမြို့နယ် မြန်မာစီးပွားရေးဘဏ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အသိပညာပေးနှင့် ကျန်းမာရေး စမ်းသပ်စစ်ဆေး ဆောက်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေးဗီနိုင်းများ စိုက်ထူ
Mar 24,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများအားလုံးတို့တွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန် အတွက် ကျန်းမာရေး အသိပညာပေး ဗီနိုင်းများကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သထုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ထိုင်းနိုင်ငံမှ ပြန်လာသူများအား ကျန်းမာရေးစစ်ဆေးအသိပညာပေးခြင်း များပြုလုပ်
Mar 24,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံမှ တစ်ဆင့် နေရပ်သို့ပြန်လာကြသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်း ပါဝင်နိုင် ရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူတို့က ပူးပေါင်းပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့စီးပွားရေးဘဏ်၌ပင်စင်စားဘိုးဘွားများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးပညာပေးဆောင်ရွက်
Mar 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က အငြိမ်းစားပင်စင် လာရောက်ထုတ်ယူသော ပင်စင်စားအဘိုးအဘွားများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ပေးအပ်ထောက်ပံ့
Mar 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတအသင်းအဖွဲ့များကို ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများကို ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ စဉ်ဆက်မပြတ် ပေးအပ်ထောက်ပံ့လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ခရိုင်စုပေါင်းရုံး၌ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်ဗူးများနှင့် အဖျားတိုင်း သာမိုမီတာများ ထပ်မံပေးအပ် ထောက်ပံ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30349
Page
30350
Page
30351
Page
30352
Current page
30353
Page
30354
Page
30355
Page
30356
Page
30357
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department