Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သင်္ဃန်းကျွန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်အရ လွှတ်တော်ကိုယ်စားလှယ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တွေ့ဆုံဆွေးနွေးပွဲကျင်…
May 25,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်အရ ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားဘိုးဘွားရိပ်သာရှိ သက်ကြီးအဖိုး၊အဖွားများအား ကွင်းဆင်းကုသရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
May 25,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုနှင့် နေပြည်တော်ကုသရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းကုသရေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ တောင်သာရပ်ကွက်ရှိ ပျဉ်းမနားဘိုးဘွားရိပ်သာသို့သွားရောက်၍ သက်ကြီး အဖိုး၊ အဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို “QUICK WIN” ရက်(၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲနှင့် တွေ့ဆုံပွဲအခမ်း…
May 25,2026
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အသစ်၏ “QUICK WIN” ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နတ်မောက်မြို့နယ် သစ်ရာကိုင်းကျေးရွာနှင့် ပြည်သူ့ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား ပြည်သူများ လိုက်နာဆောင်ရွက်မှုရှိရေးစစ်ဆေး
May 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ပြည်သူများ ပလတ်စတစ်သုံးစွဲမှု လျော့နည်းစေရေးအတွက် အပတ်စဥ်တနင်္ဂနွေနေ့တိုင်းပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့် အစားထိုးသုံးစွဲ လိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းကို ယနေ့မေလ ၂၄ ရက်နေ့၊နံနက် ၇ နာရီခွဲအချိန်က မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာ စျေးအတွင်း ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းပွဲ ကျင်းပ
May 25,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့်သင် ဆရာ၊ဆရာမများအတွက် ဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၃ ရက်နေ့တွင် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) သီရိရတနာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် KG နှင့်Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပ…
May 25,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)ဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမ၌ကျင်းပရာ တောင်ကြီးမြို့နယ်ပညာရေးမှူး ဦးဇော်လှိုင်ထွန်း ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ လူနေအိမ်အတွင်းရှိ တရုတ်မန်ကျည်းပင်မှ အရှည် (၄၀) ပေခန့်ရှိသော ကိုင်းပွားကျိုးကျမှု ရှင်းလင်းခြင်းဆောင်ရွက်
May 25,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မီးသတ်စခန်း၏ အနောက်ဘက် (၁) မိုင်ခန့်အကွာ ထန်းတောရပ်ကွက်၊ ကျွန်းဆွယ်ရပ်၊ နယ်မြေ(၅)၊ အင်းပတ်လမ်းရှိ ဦးဝင်းလှိုင်၏ နေအိမ် ခြံဝန်းအတွင်းရှိ တရုတ်မန်ကျည်းပင်မှ အရှည် (၄၀) ပေခန့်ရှိသော ကိုင်းပွားကျိုးကျ၍ မီးကင်းအဆောက်အဦပေါ်သို့ ပိနေကြောင်း မေလ ၂၄ ရက် နံနက်ပိုင်း သတင်းရရှိသဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဇင်ဖိုအောင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင်အား (၂+၈) ဦး၊ ထန်းတောရပ်ကွက် အရန်မှ အင်အား (၂၀) ဦး၊ ပေးဆပ်သူ လူမှုကူညီရေးအသင်းမှ အင်အား (၅) ဦးတို့ဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ Quick Win ရက် ၁၀၀ စီမံချက်အတွင်း စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား ချေးငွေပေးအပ်
May 25,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်မည့် တောင်သူများအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဦးက Quick Win ရက် ၁၀၀ စီမံချက်အတွင်း ပြည်ထောင်စုနိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများကို သက်သာသောအတိုးနှုန်းထားဖြင့် ထုတ်ချေးပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
506
Page
507
Page
508
Page
509
Current page
510
Page
511
Page
512
Page
513
Page
514
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department