အမြို့မြို့အနယ်နယ်သတင်းများ

May 22,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း (ဝေါ) သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်ပွဲကို၊ မေ ၂၂ ရက် နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အပေါ်ထပ် အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် အခမ်းအနားမှူး သင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်သည်။
May 22,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မေ ၂၂ ရက် နံနက် ၉ နာရီအချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမတွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးစွမ်းရည် မြှင့်မွမ်းမံသင်တန်း အမှတ် (၂/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ရာ သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီးထွန်းနေဝန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ နည်းပြများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းများ တက်ရောက်ခဲ့ကြသည်။
May 22,2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ “ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် (၇)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် ခရိုင်ပညာရေးမှူးရုံးရှေ့တို့၌ ကျင်းပသည်။
May 22,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အခြေခံပညာအထက်တန်းကျောင်း (သနပ်ပင်) ဇီဇဝါခန်းမ၌ ကျင်းပခဲ့သည်။
May 22,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းရုံးရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပသည်။