Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တံတားဦးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများ ကွင်းဆင်းစစ်ဆေး
May 22,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ အစိုးရသစ်လက်ထက် (၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင် ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် အ.ထ.က (ထန်းတပင်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
May 22,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေးလူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က ( ထန်းတပင်) ကျောင်း ပင်လုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်၌ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူ
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ငလျင်ဒဏ်သင့် ကျောက်ဆည်တက္ကသိုလ်၌ အဆောက်အဦများ ပြုပြင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
May 22,2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး မေ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ က ကျောက်ဆည်တက္ကသိုလ်၌ မန္တလေး မြေငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းအပ်နှံနိုင်ရေးပါဝင်လှုံ့ဆော်
May 22,2026
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အတူ မေ ၂၂ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၆) ရပ်ကွက်၊ သီရိဈေးတွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိအပ်နှံနိုင်ရေး လှုံ့ဆော်သည့်အနေဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ
May 22,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို မေ ၂၁ ရက် နံနက် ၁၀ နာရီက ရွှေသူဌေးရပ်ကွက်ရှိ Coffee House ဆိုင်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူ
May 22,2026
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား”ကို ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၃၀×၃၁လမ်းကြား၌ မေ ၂၂ ရက် နံနက်ပိုင်းက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ
May 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြို့ထိပ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
510
Page
511
Page
512
Page
513
Current page
514
Page
515
Page
516
Page
517
Page
518
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department