အမြို့မြို့အနယ်နယ်သတင်းများ

Mar 26,2025
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို မတ် ၂၄ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာ ယနေ့တွင် သင်တန်းတတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။
Mar 26,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။
Mar 26,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါးများစိုက်ပျိုးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် စာရံအိုင့်ကျေးရွာတွင် စပါးစိုက်တောင်သူများဖြင့် စုပေါင်းကွင်းဆင်းဆောင်းရွက်ခဲ့ကြသည်။
Mar 26,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဥယျာဥ်တော်ကျေးရွာ၊ အမှတ် ၅ ရပ်ကွက်ရှိ ပြည်တော်သာဓမ္မာရုံတွင် ယနေ့နံနက် ၉ နာခွဲအချိန်က အမရပူရမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးစီးကျင်းပသည့်  ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲနှင့် ရပ်ကျေးကြက်ခြေနီ သင်းခွဲငယ်ဖွဲ့စည်းခြင်းအခမ်း အနားကို ကျင်းပခဲ့သည်။
Mar 26,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူများ ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်စေရန်၊ လုပ်ဆောင်ချက်များအလိုက် ကောင်းကျိုးဆိုးကျိုးများကို သိရှိနားလည်လာပြီး ဆောင်ရန် ရှောင်ရန်များကို နားလည်သဘောပေါက်ရန်နှင့် လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘုန်းတော်ပြည့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးတွင်  မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး ဟောပြောခဲ့သည်။ 
Mar 26,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နော်လော်မူနှင့်ဝန်ထမ်းများက  နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ လူအသွားလာများသည့် နေရာများ၊ ဈေးဆိုင်များတွင် သွားရောက် ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။
Mar 26,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဆင်းပွဲနှင့် ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)မှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမနှင့် ပညာရေးဒီဂရီကောလိပ်တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းများဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ဝိဇ္ဇာရိယပရိယတိသတ္တမပါလ စာသင်တိုက်ရှိ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားနေသော ကျောင်းသား/သူများ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေသော ဆရာ/မများနှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ရှိ တာဝန်ထမ်းဆောင်နေသူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။