မြဝတီမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် အာယုဒီဃဂုဏပူဇာသက်ကြီးပူဇော်ခြင်း အခမ်းအနား ကျင်းပ
ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ချိန်ခါသာမယတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ရှေးစဉ်လာမပြတ် သံဃာတော်များမှ မြို့တွင်းအန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် အာယုဒီဃဂုဏပူဇာ သက်ကြီးပူဇော်ပွဲကျင်းပခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ သံဃာတော်၊ အရှင်သူမြတ်များဦးဆောင်ပြီး မြို့တွင်းလှည့်လည်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးသည်။