သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်း ဖွင့်လှစ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နွေရာသီအားလပ်ရက်များတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် မိမိတို့၏ ဘာသာ၊ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို သိရှိစေရန် ရည်ရွယ်၍ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယနေ့နံနက်(၉) နာရီအချိန်က နွေရာသီဓမ္မပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။