ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး မင်းတပ်ကောလိပ် အဆောက်အဦး တည်ဆောက်နေမှုနှင့် မြေနေရာပြုပြင်နေမှုအား ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ် မင်းတပ်မြို့ အနောက်ရပ်ကွက် ၄ မိုင်၌ မင်းတပ်ကောလိပ် အဆောက်အဦးတည်ဆောက် နေမှုအား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူးနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။