ချင်းပြည်နယ်

ချင်း(ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ချင်း (ဖလမ်းဘာသာ)ဖြင့် ထုတ်ဝေသော COVID-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၇ နာရီခွဲက ဖလမ်းမြို့၊ လူစည်ကားရာ နေရာများ၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ဖြန့်ဝေသည်။

ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ​ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်​ရေး ဟားခါမြို့အဝင် လုံခြုံရေးဂိတ်၌ ခရီးသွားပြည်သူများအား စစ်​ဆေးမှုများ ​နေ့စဉ်ဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ​ရောဂါကာကွယ်ထိန်းချုပ်ကုသနိုင်​ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘက်​ပေါင်းစုံမှ ​နေ့စဉ် အရှိန်အဟုန်မြှင့် ​ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇ ရက်​နေ့က ဟားခါးမြို့သို့ လာ​ရောက်ကြသည့် ခရီးသွားပြည်သူများကို ဟားခါးမြို့အဝင် လုံခြုံ​ရေး စစ်​ဆေး​ရေးဂိတ်၌ ကျန်းမာ​ရေး​စောင့်ကြည့်စစ်​ဆေးမှုများနှင့် ပညာ​ပေးလုပ်ငန်များ​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဖျား တိုင်းတာခြင်း၊ ဆေးပက်ဖြန့်ခြင်း၊ အသိပညာပေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တီးတိန်တွင် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် မိမိတို့ဆန္ဒအလျောက်အဆိုပြုထားသည့် ဆရာဝန် ၅ ဦး လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိ

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် မိမိတို့ ဆန္ဒအလျောက် အဆိုပြုထားသည့် ဆရာဝန် ၅ ဦးသည် မတ်လ ၂၅ ရက်နေ့က တီးတိန်မြို့သို့ ရောက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပေးအပ်သည့် ဆေးပစ္စည်းများ၊ လိုအပ်သည့်အထောက်အပံ့ ပစ္စည်းများကို ပေးအပ်ပြီး တာဝန်ခွဲဝေ၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းအစီအစဉ်ရေးဆွဲကာလူနာကိုစောင့်ကြပ်ကြည့်ရှုခြင်း၊ ကပ်တဲလ်ကျေးရွာသို့ ကွင်းဆင်းခြင်း၊ လူနာနှင့်ထိတွေ့သောသူများနှင့် တီးတိန်ကို နိုင်ငံခြားမှပြန်လာသည့် သူများစာရင်းကောက် ယူခြင်း၊စောင့်ကြည့်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်း ကြည့်ရှု စစ်ဆေး

ချင်းပြည်နယ် ဟားခါးမြို့တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ကုသနိုင်ရေး သံသယလူနာတွေ့ရှိပါက အချိန်နှင့်တပြေးညီစောင့်ကြပ် ကုသနိုင်ရေးအတွက် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၊ အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်း(ဟားခါး)တို့တွင် ကြိုတင်ပြင်ဆင်မှုများထားရှိရာ အဆိုပါနေရာများအား ယနေ့ညနေ ၆ နာရီ အချိန်က ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရှိရပါသည်။

ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ် မင်းတပ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနား ကျင်းပသည်။

ချင်းပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များတွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ချင်းပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ်လျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်ထန်းချုပ်နိုင်ရေးနှင့် ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များအား ပုံမှန်ပြေးဆွဲနိုင်ရေးတို့အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၄နာရီတွင် ဟားခါးမြို့၊ အဝေးပြေးကားဂိတ်သို့ ရောက်ရှိပြီး သက်ဆိုင်ရာ မော်တော်ယာဉ်ဂိတ်များ၊ ခရီးသွားပြည်သူများအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်ထား

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက ပူးပေါင်း၍ စီစဉ်ဆောင်ရွက် ထားကြောင်း ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ပြောသည်။

ရိခေါ်ဒါရ်၌ တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသမီးတစ်ဦးအား နေအိမ်တွင် Home Quarantineစောင့်ကြည့်မှု ခံယူဆောင်ရွက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ အမျိုးသမီးတစ်ဦးသည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်နေ ဒေါ်နူကုန်း၏ နေအိမ်သို့ ယမန်နေ့က ရောက်ရှိလာကြောင်း သိရှိ၍ ရိခေါ်ဒါရ်မြို့အုပ်ချုပ် ရေးမှူး ဦးကျင်လမ်းခိုင်၊ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာ၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့အဖွဲ့သည် အဆိုပါ အမျိုးသမီးရောက်ရှိသည့် နေအိမ်သို့ သွားရောက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ၌ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေး တီးတိန်၌ပြုလုပ်

ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ခွာဒိုခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
Subscribe to ချင်းပြည်နယ်