ရှမ်းပြည်နယ်

ကွန်ဟိန်းမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်/မယ်များအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားနှင့် လူငယ်ရေးရာ ကဏ္ဍရပ်များအား ပြောကြားခြင်းအခမ်းအနားတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန် မောင်/မယ်များအားတွေ့ဆုံ၍ လူငယ်ရေးရာကဏ္ဍရပ်များအား ပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ဟူပင်ဟိုတယ်၌ ကျင်းပခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလှိုင်းတစ်ပ်၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ၁၉၆၄ - ၁၉၈၈ ခုနှစ် လူရည်ချွန်ဥက္ကဋ္ဌ ၊ လူရည်ချွန်ကြီးများနှင့် တာဝန်ရှိသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 အင်းလေးခေါင်တိုင်လူရည်ချွန်စခန်းမှ လူရည်ချွန်မောင်/မယ်များနှင့် ကြီးကြပ်သူဆရာ/ဆရာမများ တက်ရောက်ခဲ့ကြ ပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား တွေ့ဆုံအားပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးသည်။

အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် လူရည်ချွန်မောင်မယ်လေးများ သမိုင်းဝင်ပင်းတယရွှေဥမင် သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်လေ့လာလည်ပတ်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသော ဒသမတန်းလူရည်ချွန်မောင်မယ် ၁၃၂ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်စခန်း တာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက် ၇ နာရီက အ‌ခြေပြုစခန်းချရာ ခေါင်တိုင်ဟူပင်ဟိုတယ်မှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

ပင်းတယမြို့ရှိ အထင်ကရနေရာများသို့ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ်၊ Grade - 10 လူရည်ချွန်မောင်မယ်လေးများ လာရောက်လေ့လာလည်ပတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ်၊ Grade - 10 လူရည်ချွန်မောင်မယ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အထင်ကရနေရများသို့ လာရောက်လေ့လာလည်ပတ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ပန်းဘွားဖွဲ့ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ပန်းစည်းများဖြင့်လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ၊ ရှမ်းပြည်နယ်အလံငယ်များ၊ လူရည်ချွန်အလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်လည်းကောင်း၊ အိုးစည်ဗုံမောင်းများတီးမှုတ်၍ ကြိုဆိုခဲ့ကြ‌ကြောင်း သိရသည်။

အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် လူရည်ချွန်မောင်မယ်လေးများ အင်းလေးကန်အတွင်း အထင်ကရနေရာများသို့ လေ့လာလည်ပတ်

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသော ဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၂ဦးသည် ကြီးကြပ်ဆရာ၊ ဆရာမများ၊ လူရည်ချွန်စခန်း တာဝန်ရှိသူများနှင့်အတူ မေ ၉ ရက် နံနက် ၇ နာရီက အ‌ခြေပြုစခန်းချရာ ခေါင်တိုင်ဟူပင်ဟိုတယ်မှ စက်လှေများဖြင့် အင်းလေးကန်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။

မိုင်းယန်းမြို့နယ်၌ မိုးစပါးစံပြကွက်စိုက်ပျိုးသူ တောင်သူများအား မိုးစပါးမျိုးစေ့ ဆင်းဧကရီ-၃ စပါးမျိုးများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးစပါးစံပြကွက် စိုက်ပျိုးသူ ဒေသခံတောင်သူလယ်သမားများအား မိုးစပါးပန်းတိုင် အထွက်နှုန်းတိုးတက် ရရှိစေရန်အတွက် မိုးစပါးမျိုးစေ့ ဆင်းဧကရီ-၃ စပါးမျိုးများထောက်ပံ့ပေးအပ်ခြင်းကို မေ ၉ ရက် နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

လားရှိုးမြို့တွင် အငြိမ်းစားသူနာပြုနှင့်သားဖွား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အထိမ်းအမှတ် အငြိမ်းစားသူနာပြုနှင့်သားဖွား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို မေ ၈ ရက်က လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြီးကြပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ စိမ့်စမ်းရေ အမြင့်တင်(၁/၄)မိုင်လုပ်ငန်းတွင် ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်နေမှုအခြေ အနေကို ကျောက်မဲခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး(နည်း) ဦးဇော်မင်းဦးတို့မှ ယမန်နေ့နံနက်ပိုင်းက နယ်မြေကွင်းဆင်းကြီးကြပ်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to ရှမ်းပြည်နယ်