လားရှိုးမြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းနှင့် ဓာတ်တိုင်များ ကျိုးကျခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ ၆ ရက်နေ့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ သစ်ကိုင်းနှင့်ဓာတ်တိုင်များကျိုးကျခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။