ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်တွင် (၃၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့က အဆိုပါစေတီတော်အနောက်ဘက် မုခ်တန်ဆောင်း၌ ကျင်းပသည်။

ရန်ကင်းမြို့နယ် လူ‌နေရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် တရားရွတ်ဖတ်ပူဇော်ခြင်းများ လိုက်လံဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူ‌နေရပ်ကွက်များတွင် ပြည်သူများ မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲအချိန်မှ ၄ နာရီမိနစ် ၂၀ အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ်  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီမြှင့်ပွဲ အပ်နှင်းမဟာမင်္ဂလာ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၇၄)ရပ်ကွက်၊ ပုဏ္ဏမီလမ်းရှိ (230)KV ဧရာဝဏ်ပင်မဓာတ်အားခွဲရုံအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင်  နွေရာသီ  Fitness  Dance  သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏စီစဉ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  မတ် ၁ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီ Fitness Dance သင်တန်းဖွင့်ပွဲကျင်းပသည်။

ပုဇွန်တောင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း (၉၄) ကြိမ်မြောက် ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ (၉၄) ကြိမ်မြောက် ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ ဘုရားဖြူကျောင်းတိုက်ရှိ သံဃသမိတိ ကျောင်းတိုက်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

တွံတေးမြို့နယ်၌ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အစုအဝေးဖြင့်နေထိုင်သောနေရာများရှိ အသက်(၉)လမှ ၁၅ နှစ်အောက်ကလေးများအား ၀က်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံမှုကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချင်းတွင်းအသင်း(ရန်ကုန်) (၈၀) နှစ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ

ချင်းတွင်းအသင်း(ရန်ကုန်)၏ (၈၀) နှစ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်ညီလာခံနှင့် သက်ကြီးပူဇော်ပွဲ၊ အလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ချင်းတွင်းအသင်းတည်ရှိရာ မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ်စေတီဝင်းအတွင်း အနုတ္တရောပုရိသဒမ္မသာရထိဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ချင်းတွင်းအသင်း၊ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၇၄) ရပ်ကွက်၊ ပုဏ္ဏမီလမ်းရှိ (230) KV ဧရာဝဏ်ပင်မဓာတ်အားခွဲရုံအတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်း၀င် ကျိုက်မှော်၀န်းရေလည်စေတီတော် ၁၁၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပ

‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရှေးဟောင်းသမိုင်း၀င် ကျိုက်မှော်၀န်းရေလည်စေတီတော် ၁၁၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ၌ ရွှေမှော်၀န်းသာဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး