ရန်ကုန်တိုင်းဒေသကြီး

ဒဂုံမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ လက်ကမ်းစာစောင်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကို ကျင်းပခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) အ‌ခြခံပညာအထက်တန်းကျောင်း၌ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တိုင်းရင်းသားဝတ်စားဆင်ယင်မှုပြပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမြညီလာခန်းမ၌ ယနေ့နံနက်‌ ၁၀ နာရီအချိန်က ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းရင်းသားဝတ်စားဆင်ယင်မှုပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ် အမှတ် (၂) အ‌ခြခံပညာအထက်တန်းကျောင်း၌ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းအချိန်က ထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဗိုလ်တထောင်မြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း မြဝတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသမီးများအား အကြမ်းဖက်မှု၊ တရားမဝင် လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်းမှုများ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသမီးများအား အကြမ်းဖက်မှု၊ တရားမဝင်လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်းမှုများ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များနှင့် မွေးစမှ အသက်၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်စုရပ်ရပ်ကွက်အသီးသီးတွင် နေ့ရက်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကြိုတင်စစ်ဆေးခြင်းအား ၂၀၂၆ ခုနှစ် ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

သုံးခွမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာအာဟာရကျွေးမွေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာအာဟာရ ကျွေးမွေးခြင်းကို ယမန်နေ့‌ နေ့လယ် (၁၁) နာရီက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

သန်လျင်မြို့ ကျိုက်ခေါက်စေတီဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ယနေ့နံနက် (၆) နာရီတွင် စေတီတော်အထက်ပစ္စယံ၌ ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး