မရမ်းကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ကာယ၊ဉာဏစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။