မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်၌ ဆိုလာဖြင့်ဘတ္ထရီအားသွင်းရာမှ မီးလောင်၊ နေအိမ်သုံးလုံးဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်၌ ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်က ဦးကျော်မင်းဦး (ခ) ဖိုးဆယ် ပိုင်ဆိုင်သည့်   နှစ်ထပ်နေအိမ်တွင် ဆိုလာဖြင့်ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်ခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး မြို့နယ်ဆင့် ဆင့်ပွားသင်တန်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ စိတ်လူမှုဆက်ဆံရေး မြို့နယ်ဆင့် ဆင့်ပွားသင်တန်းကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှု့ဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် အခြေခံပညာကျောင်းများတွင် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးခြင်းကို တစ်ကျောင်းလုံးနှင့် သက်ဆိုင်သည့် ပုံမှန်လုပ်ငန်းတစ်ရပ်အနေဖြင့် စနစ်တကျနှင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကျောင်းသား၊ ကျောင်းသူများအား စိတ်ပိုင်းဆိုင်ရာကနဦးကူညီစောင့်ရှောက်မှုအချိန်မီပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှု့ဆက်ဆံရေးအထောက်အပံ့ပေးရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၂၄ ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှုးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးခရိုင်၌ ၂၀၂၆ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ(ဒုတိယကျမ်း)ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၄ ရက်၊မွန်းတည့် ၁၂ နာရီတွင် ညောင်ဦးမြို့နယ်၊ပုဂံမြို့ဟောင်း၊ ဇမ္ဗူဒီပသာသန ဗိမာန်တော်ကြီး၌ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ(ဒုတိယကျမ်း)ဆက် လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၈၁)နှစ်မြောက် တပ်မတော်‌နေ့အကြို အထိမ်းအမှတ်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အကြိုအထိမ်းအမှတ်အဖြစ်  ယနေ့မွန်းလွဲ ၁ နာရီက  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နွေရာသီသင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား(၈၁) နှစ်မြောက် တပ်မတော်နေ့အကြို အထိမ်းအမှတ်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပို့ချသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဆင့်ပွားဆွေးနွေးပွဲသို့တက်ရောက်သည့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများအား (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအ မှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ် ၂၄ ရက် နံနက် ၁၁ နာရီက ဖြန့်ဝေခဲ့ကြသည်။

‎မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲပါရာဇိကပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဆက်လက်ဖြေဆို

‎၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို  မဟာအောင်မြေမြို့နယ် အ.ထ.က(၁၃) ကျောင်းစာဖြေဌာန၌ ယနေ့မွန်းလွဲပိုင်းက (ဒုတိယနေ့) ဆက်လက် ဖြေဆိုကျင်းပသည်။

ငါန်းဇွန်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ယနေ့နံနက် ၈ နာရီခွဲက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌  စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်သူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ ကျဆင်းစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်တွင်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၅ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက် ကြီး(၁)၊ မန္တလေး-လားရှိုးလမ်း၊  DK Delivery Service Center ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး