မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအဆင့် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရူံးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာမြင့်မိုရ်ခန်းမဆောင်၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်ကြိုဆိုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား  ချစ်ကြည်ရေး အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို မတ် ၂၅ ရက် ညနေ ၄ နာရီအချိန်က ရွှေသူဌေးရပ်ကွက်အတွင်းရှိ BOB မိုးလုံလေလုံအားကစားကွင်းခန်းမ၌ ကျင်းပခဲ့သည်။

လွှတ်တော်ရုံးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူခြင်းအခမ်းအနား မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ရုံးလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူခြင်းအခမ်းအနားကို မတ်လ ၂၄ ရက်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်၊ သဘင်ဆောင်တွင် ကျင်းပ ပြုလုပ်သည်။

စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင် တန်းဆင်းပွဲပြုလုပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၄ရက် နံနက် ၁၀ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၇၃ လမ်း၊ ၁၁လမ်းရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ရာ  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သင်းသင်းခိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေအောင်ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု၊ (မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မန်နေဂျာ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ထက်အောင်နှင့်ဝန်ထမ်းများ၊ မန္တလေးလူငယ်သင်တန်းကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းဗဟိုဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအတွင်းရေးမှူး ဦးမြင့်သန်းနှင့်ဗဟိုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က (၂၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)နှစ်မြောက်၊ နှစ်ပတ်လည်အခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး (လွှတ်တော်ရုံးဟောင်း) အစည်းအဝေးခန်းမတွင် မတ်လ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မဟာအောင်မြေမြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ စိတ်ကျန်းမာရေးနှင့် လူမှုအထောက်အပံ့ပေးရေးဆိုင်ရာဆွေးနွေးပွဲကို အ.ထ.က (၃) ကျောင်းတွင် မတ်လ ၂၄ ရက်မှ စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်မှ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ၁၃ ရပ်ကွက်မှမီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်တာဝန်ရှိသူများ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ယနေ့နံနက် ၉ နာရီက ရှင်ပင်မိုးကောင်းမြတ်စွာဘုရားဝင်းအတွင်းရှိ ဇရပ်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး