မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး၊ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆင်ဖြူကန်ကွင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ညောင်ဦးခရိုင်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် ကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မီးဘေးကြိုတင်ဆောင်ရွက်ထားရှိမှုနှင့် ဖြေဆိုကြမည့်အခန်းများ အလင်းရောင်ကောင်းစွာရရှိရေး ဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားမြို့၌ အသက် ၉ လမှ ၁၅ နှစ်အတွင်း ကလေးများအား ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မိဘမဲ့ကျောင်းများ၊ IDP camp များ၊ ဘုန်းတော်ကြီး‌ကျောင်းများ၊ သီလရှင်ကျောင်းများရှိ  လူစုလူဝေးဖြင့် နေထိုင်သည့်နေရာများတွင် အသက် (၉)  လမှ (၁၅)နှစ်ကလေးများအား ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ (၁) ရက်နေ့ နံနက်ပိုင်းကစတင်၍ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲ သံဃာတော်များအား ဆွမ်းသပိတ်လောင်းလှူ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် အထင်ကရဘုရားတစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပူဇော်ပွဲကို မတ်လ ၂ ရက်(တပေါင်းလပြည့်)နံနက် ၇ နာရီအချိန်တွင် ဘုရားကြီးရင်ပြင်တော်ပေါ်၌ ဆွမ်းသပိတ်ရေစက်ချတရားနှင့် ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပခဲ့ကြောင်း ရွှေဆံတော်ဘုရားဘဏ္ဍာတော်ထိန်းဂေါပက ဦးဌေးဝင်းထံက သိရသည်။

သမိုင်းဝင်သစ္စာအဓိဋ္ဌာန် ရွှေစာရံမြတ်စွာဘုရား (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကျင်းပ

နှစ်စဉ်ကျင်းပမြဲ ပုသိမ်ကြီးမြို့နယ်ရှိ သစ္စာအဓိဋ္ဌာန် ရွှေစာရံမြတ်စွာဘုရား၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပုဂ္ဂလိကဆေးရုံး ဆေးခန်းများ မီးဘေးလုံခြုံရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ တိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များလိုက်ပါလျက်၊ ယမန်နေ့နံနက်က ပုဂ္ဂလိကဆေးရုံဆေးခန်းများ မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မီးလန့်မှု မဖြစ်ပွားစေရေးအတွက် စက်မှုဈေး(၁)အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဟောပြောသရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် စက်မှု(၁)ဈေးအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ အရန် (၁၂)ဦးနှင့် ဈေးတာ၀န်ခံများနှင့် ဈေးသူဈေးသားများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက   မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဟောပြောသရုပ်ပြ လေ့ကျင့်ခဲ့သည်။

မြစ်သားမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းသီးနှံ (၂၉၂၀၈)ဧက လျာထားစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေ ထွန်ယက်ပြုပြင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်း (၂၉၂၀၈)ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့အထိ (၁၅၂၃၀)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။‌

မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော သောက်ရေအိုးစင် ယဉ်ကျေးမှုတစ်ခေတ်ဆန်းစေဖို့ ဟေမမာလာတောင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ရေသန့်အလှူတော် အခမ်းအနားဖွင့်ပွဲ ကျင်းပ

မန္တလေးမြို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သော သောက်ရေအိုးစင် ယဉ်ကျေးမှုတစ်ခေတ်ဆန်းစေဖို့ ဟေမမာလာတောင် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ရေသန့်အလှူတော် အခမ်းအနားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဟေမမာလာတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး