သာပေါင်းမြို့နယ်၊ အုပ်ရှစ်ကျေးရွာအုပ်စု၊ ငှက်ပေါက်အင်းအတွင်း အုပ်ရှစ်ချောင်း ရေပြင်ကျယ်၌ အင်းချောင်းများအတွင်း ငါးသားပေါက် ကောင်ရေ ၁၁၅၀၀၀ ငါးမျိုးစိုက်ထည့်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ချောင်းအင်းအိုင်များတွင် ငါးသယံဇာတ ရေသယံဇာတတိုးပွားစေရေးနှင့်မပြုန်းတီးတိုးပွားပေါများလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများငါးရိက္ခာပိုမိုဖူလုံလာစေပြီး စားသုံးမှု မြင့်မားလာနိုင်ရေး၊အင်းချောင်းများအတွင်း ငါးမျိုးပြုန်းတီးမှုမှကာကွယ်ရန်၊ စဉ်ဆက်မပြတ်ငါးထုတ်လုပ်နိုင်ရန်၊ သားစဉ်မြေးဆက်ငါးစားသုံးနိုင်ရန်၊ ရေလုပ်သားများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ အင်းချောင်းများ အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၁၀ နာရီအချိန်က အုပ်ရှစ်ကျေးရွာအုပ်စု၊ ငှက်ပေါက်အင်းအတွင်း အုပ်ရှစ်ချောင်း ရေပြင်ကျယ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ကြသည်။