ကျောက်ပန်းတောင်းမြို့နယ်၌ ဝန်ထမ်းများ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများ နိုင်ငံတာဝန်ကိုထမ်းဆောင်ရာတွင် ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် သိရှိလိုက်နာရမည့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံး ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။