ဧရာဝတီတိုင်းဒေသကြီး

ကျုံပျော်မြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲပြုလုပ်

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပျဉ်ချဆိပ်ကျေးရွာအုပ်စု တောင်သူဦးကြည်ဝင်း၏ လယ်မြေနှစ်ဧက၌ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို မေ ၃ ရက်နေ့နံနက်က ပြုလုပ်သည်။

အိမ်မဲမြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကမန်းတံခွန်တိုင် ကျေးရွာအုပ်စု၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား နွေးထွေးစွာကြိုဆိုဂုဏ်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယိပိုင်းက ပန်းတနော်မြို့အဝင် ဆိုင်းဘုတ်နှင့် ရွှေခေတ်စားသောက်ဆိုင်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်၌ လူရည်ချွန်မောင်မယ်များအား ကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်း‌ခြေနှင့် ငွေဆောင်ကမ်း‌ခြေသို့ ‌‌ လေ့လာရေးခရီးသွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ယနေ့ မွန်းလွဲပိုင်းက ဆားမလောက်ကျေးရွာ၊ ရန်ကုန်- ပုသိမ်ကားလမ်းတစ်‌လျှောက် သတ်မှတ်‌ နေရာများအလိုက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၂၇၀) ဦးခန့်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ (ငွေဆောင်) လူရည်ချွန်စခန်းသို့ ရောက်ရှိ တာဝန်ရှိသူများမှ လှိုက်လှဲစွာကြိုဆို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့သို့ အပန်းဖြေလေ့လာရေးခရီး လာရောက်သည့် ၂၀၂၆ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များသည် မေလ (၆)  ရက်နေ့ ညနေက ပုသိမ်မြို့မှ လူရည်ချွန်စခန်း ငွေဆောင်မြို့သို့ ထွက်ခွာလာရာ ည ၇ နာရီခွဲအချိန်တွင် ငွေဆောင်မြို့သို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများက လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ကြိုဆိုနှုတ်ဆက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်အပန်းဖြေစခန်းနှင့် ချောင်းသာအပန်းဖြေစခန်းသို့ လာရောက်ကြသည့် ၂၀၂၆ခုနှစ်၊ လူရည်ချွန်မောင်မယ်များအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဒေးဒရဲမြို့၌ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း (၃၆၉,၁၃၀) ပင် ပျိုးထောင်ထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်စသည့် ပျိုးပင်ပေါင်း (၃၆၉,၁၃၀) ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးခိုင်-၂ ထံမှ သိရသည်။

ဖျာပုံမြို့၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ ကျုံဖဲကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ကျေးလက်နေပြည်သူများ ဝင်ငွေတိုးတက်ရရှိစေရန်နှင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိပြီး အသေးစား၊ အငယ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို မေလ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် ၁၀၀ စီမံချက်ဖြင့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းကို မေ ၅ ရက်နံနက် ၉ နာရီခွဲက လိတ္ထူကျေးရွာ ဇေယျာသီရိရွာ ဦးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး