၂၀၂၆ -၂၀၂၇ ခုနှစ် မိုးရာသီကော်ဖီပင်စိုက်ပျိုးပွဲနှင့် ကော်ဖီပျိုးပင်ပေးအပ်ပွဲအခမ်းအနား မြန်အောင်တွင်ပြုလုပ်
ရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆ - ၂၀၂၇ ခုနှစ် မိုးရာသီ ကော်ဖီပင်စိုက်ပျိုးပွဲနှင့်ကော်ဖီပျိုးပင်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ဂူကိုးလုံးဘုန်းကြီးကျောင်း ကျွန်းစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။