ဧရာဝတီတိုင်းဒေသကြီး

ငပု‌တောမြို့နယ်၌ စုံ/မ နံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက် အသုံးပြုခြင်း ရှိ / မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်၌ စုံ/ မနံပါတ်အက္ခရာ မော်တော်ယာဉ်များအား သတ်မှတ်ရက်အလိုက်အသုံးပြုခြင်း ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ငပုတောမြို့နယ်၌ ၁၃၈၈ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၁၃၈၈ ခုနှစ် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ၁၃၈၈ခုနှစ် မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

မအူပင်မြို့၌ ငလျင်ဘေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေး နှိုးဆော်ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ငလျင်ဘေးပညာပေးစာစောင်များဖြန့်ဝေခြင်း ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဆောင်ရွက်သည်။

ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ (ဆဋ္ဌမနေ့) အား သက်ဆိုင်ရာ ဘာသာရပ်များအား ဝင်ရောက်ဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ (ဆဋ္ဌမနေ့) အား ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် တို့တွင် ကျောင်းသား၊ ကျောင်းသူ (၆၁၂)ဦး ရာခိုင်းနှုန်းအားဖြင့် ၉၇.၅၂ နှင့် စက်မှုစိုက်ပျိုးမွေးမြူရေး စာစစ်ဌာန (၁)ခုတွင် လက်သမားအတတ်ပညာနှင့် သစ်သားလုပ်ငန်း၊ စက်မှုလုပ်ငန်းသုံး လျှပ်စစ် မော်တာထိန်းချုပ်မှု၊ စက်ခုတ်စားမှုနည်းပညာ၊ လူမှုရေးသိပ္ပံ၊ စားမြုံပြန်သတ္တဝါမွေးမြူထုတ်လုပ်ရေး ဘာသာရပ်တို့၌  ကျောင်းသား၊ ကျောင်းသူ ၇၀ ဦး  ရာခိုင်းနှုန်းဖြင့် ၉၈.၅၉ တို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ပြီး၊ ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများအား အလှူရှင်များက အချိုရည် များဖြင့် လှူဒါန်းကြသည်။

ဒေးဒရဲမြို့၌ (၂၀၂၆)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယမန်နေ့နေ့လယ်ပိုင်းတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအား အောင်မြင်စွာဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၈) ခုတို့၌ မတ် ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိပြီး နေ့လယ် ၁၂ နာရီအချိန်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား အေးချမ်းပျော်ရွှင်အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြ‌ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာဖြေဆိုနေ့တွင် (၁၃၀၄) ဦး ဝင်ရောက်ဖြေဆို

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၁) ခုဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိရာ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃၀၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မြန်အောင်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၈)ခုတွင် ကျောင်းသား/ ကျောင်းသူ(၈၄၃)ဦး ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒဘာသာရပ်တို့အား ဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၈)ခုတွင် မတ် ၁၇ ရက်နေ့နံနက်က ကျောင်းသား/ ကျောင်းသူ(၈၄၃)ဦး ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒဘာသာရပ်တို့အား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။

အိမ်မဲမြို့တွင် နွေရာသီအားကစားအခြေခံသင်တန်းများဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့တွင်လည်း ဆက်လက်သင်ကြားလျက်ရှိသည်။

ငပုတောမြို့နယ်တွင် ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့်‌ ဘောဂဗေဒအား စာစစ်ဌာန(၁၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၁၉၀၃)ဦး ဖြေဆိုပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို မတ် ၁၇ ရက်နေ့ နေ့လည်(၁၂)နာရီအချိန်တွင် ငပုတောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၄)ခု တို့တွင်‌အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး