ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နဂါးရုံဘုရား၊ ၉ တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်ကြည်ညို
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြုသော ဆရာတော်များနှင့် နဂါးရုံဘုရား၊ (၉)တောင်ပြည့်စေတီတော် ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာကားလမ်း (၂၃) မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ+ဒါယိကာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။