ငရုတ်ကောင်းမြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြိုတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူပြည်သူတိုင်းပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။