စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကြက်ခြေနီသင်တန်းကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်သော အခြေခံရှေးဦးပြုစုခြင်း ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၃ ရက် နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)ကျောင်းစာသင်ဆောင်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်