ပြင်ဦးလွင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်၁၀၀လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။