မောက်မယ်မြို့နယ်၌မိုးစပါးစိုက်တောင်သူများအားသွင်းအားစုပံ့ပိုးပေးအပ်ပွဲအခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀) စီမံချက်အရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်တောင်သူများအား သွင်းအားစု ပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။