အမြို့မြို့အနယ်နယ်သတင်းများ

ကချင်ပြည်နယ် စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများထံ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော နှုန်းထားဖြင့် ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဝိုင်းမော်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။

ကျောက်မဲမြို့၌ နိုင်ငံတော်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ နိုင်ငံတော်၏ ရက် (၁၀၀) လမင်းစီမံချက်အရ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားတစ်ဦး၏အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၈) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၃) ၌ ကျင်းပခဲ့သည်။

အိမ်မဲမြို့တွင် တိရစ္ဆာန်စွန်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေတောင်သူများ ခေတ်မီမွေးမြူရေးစနစ်များ ဖွံ့ဖြိုးလာစေရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းကို အဆိုပါဦးစီးဌာန၏ ရုံးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဆက်လက်ကျင်းပခဲ့သည်။

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ကျင်းပခဲ့သည်။

ထားဝယ်မြို့၌ သူနာပြုသိပ္ပံ (ထားဝယ်)၊ အပတ်စဉ် (၃၃) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ (ထားဝယ်)၊ အပတ်စဉ် (၃၃) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သူနာပြုသိပ္ပံ (ထားဝယ်) ခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခမ်းအနားမှူးသင် တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် "မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၊ ပြည်ခရိုင်ရုံး၌ ကျင်းပပြုလုပ်သည်။

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)ကို ယမန်နေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဂန့်ဂေါမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ရိက္ခာနှင့်ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသသကြီးအစိုးရအဖွဲ့မှ ဂန့်ဂေါခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ရိက္ခာနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဂန့်ဂေါမြို့ မြစ်သာခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဇီးကုန်းမြို့နယ်၌ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ GENDER, CEDAW, NSPAW, UNSCR1325 အကြောင်း အသိပညာဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ကျား/မ ခွဲခြားဆက်ဆံမှုနှင့် အိမ်တွင်းအကြမ်းဖက်မှု လျော့နည်းပပျောက်စေရေး၊ တန်းတူညီမျှစွာဆက်ဆံစေရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော Gender (ကျား/မရေးရာ)၊ CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း)၊ UNSCR 1325 အကြောင်း အသိပညာဟောပြောပွဲကို ယမန် န့်လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ဇီးကုန်း ခန်းမဆာင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ