အမြို့မြို့အနယ်နယ်သတင်းများ

မြဝတီမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်တွင် သာသနာရေးနှင့်ယဥ်ကျေးမှု​ဝန်ကြီး ဌာန၊သာသနာရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ တတိယနေ့ကို ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီ ဗိမာန်တော်စာဖြေဌာန၌  ယနေ့ မွန်းတည့် ၁၂ နာရီက အဘိဓမ္မတ္ထသင်္ဂဟ ဘာသာရပ်ကို  ဆက်လက်ဖြေဆိုသည်။

တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးသင့်ပြည်သူအား ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျွဲကန်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ မီးဘေးသင့်ပြည်သူ ​​ဒေါ်နီနီ၏ နေအိမ်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေ့ဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မဟာတိလောကရာမကျောင်းတိုက် လေးထပ်ကျောင်းဆောင်၌ မတ်လ(၃၀)ရက်နေ့ မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီထိ ဒုတိယနေ့ ဖြေဆိုကြောင်း သိရသည်။

လဲချားမြို့တွင် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုနှင့် Fire Hotspots လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုနှင့် Fire Hotspots လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်ခြင်း ယနေ့နံနက်  ၁၀ နာရီခွဲအချိန်က ဝမ်ဆန်းကျေးရွာအုပ်စုခန်းမတွင် ဆောင်ရွက်ခဲ့သည်။

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ (Book Club) စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ(လူထုအခြေပြုဗဟိုဌာန)၌ (Book Club) စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပသည်။

ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သာသနာတော် တည်တံ့ထွန်းကားပြန့်ပွားရေးအတွက် စာမေးပွဲမှတစ်ဆင့် သာသနာအာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုး သယ်ပိုးထမ်းရွက်သွားနိုင်စေရန်ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲကြီးအား  ယမန်နေ့နေ့လယ်(၁၂)နာရီက စတင်၍ မင်္ဂလာကံ ကျောင်းတိုက်ရှိ သာဓုနယတန်ဆောင်းတော်ကြီးတွင် စတင်ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရသည်။

သာကေတမြို့နယ်၌ ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီ ၃၀ မိနစ်က မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

သထုံမြို့နယ်တွင် စက်သုံးဆီများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများထံ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ပုံစံ (၇) ပေးအပ်ပွဲနှင့် နွေစပါးပန်းတိုင် အထွက်နှုန်း ပြည့်မီရေးစိုက်ပျိုးနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင်ကျင်းပသည့် ပေါင်းလောင်းဆင်စာသစ်တော ကြိုးဝိုင်းအတွင်း သစ်တောကြိုးဝိုင်းမြေမှ ပယ်ဖျက်ပေးခဲ့သည့် စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများအတွက် တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနား သို့တက်ရောက်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ