အမြို့မြို့အနယ်နယ်သတင်းများ

ဒဂုံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ ပလန(၃) အင်းကြင်းမြိုင်ကျေးရွာအတွင်း စတုတ္ထအကြိမ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စတုတ္ထအကြိမ်မြောက်အဖြစ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလန-၃ အင်းကြင်းမြိုင်ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ကြသည်။

ဘားအံမြို့နယ်၌ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT)သင်တန်းဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန မှ    ဖွင့်လှစ်ဆောင်ရွက် သည့် ရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (ERT) (Emergency Response Team –(ERT) Training ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာရှိ ရွှေဒုံရင်း Football United Center ၌ ကျင်းပသည်။

ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုဓာတ်မြေဩဇာများနှင့် မိုးစပါးမျိုး‌စေ့ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်သက္ကယ်ချောင်း ကျေးရွာ၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများနှင့် မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ကော့သောင်းမြို့၌ အ‌ခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာခြင်းဝိုင်းပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းပသော အ‌ခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ရိုးရာခြင်းပြိုင်ပွဲများကို ဇွန် (၂၂) ရက်နေ့မှ စတင်၍  ခရိုင်အားကစားခန်းမ၌ ကျင်းပသည်။

ကျုံပျော်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးကို သိရှိပြီးကြိုတင်ရှောင်ရှား နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။

စဉ့်ကူးမြို့နယ်တွင် မှိုစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ ‌စိုက်ပျိုးရေးဦးစီးဌာနမှ မှိုစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အောင်မြေသာစံမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး  အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်မှုနည်းပညာသင်တန်းဆင်း

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံမော်တော်ဆိုင်ကယ်ထိန်းသိမ်းပြုပြင်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်း၊ ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်း၊ ဘက်စုံသုံးခန်းမဆောင်၌ ကျင်းပသည်။

လပွတ္တာမြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူခြင်းဆောင်ရွက်

အစိုးရသစ်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာ အ.ထ.က (ကြာကန်) ကျောင်းတွင် ယမန်နေ့နံနက်က ပြုလုပ်ခဲ့သည်။

လပွတ္တာမြို့၌ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၃ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ