အမြို့မြို့အနယ်နယ်သတင်းများ

ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာရှိ အကျိုးဆောင်တောင်သူများအား သွင်းအားစု အိတ် ၄၅၀ ပေးအပ်ချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရက်(၁၀၀)စီမံချက် လုပ်ငန်းများဖြစ်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာရှိ အကျိုးဆောင်တောင်သူများအား သွင်းအားစုများ ပေးအပ်ချီးမြှင့်ခြင်းကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ဟုမ္မလင်းမြို့၌မိုးရာသီကာလကြုံတွေ့လာနိုင်သည့် ရေကြီးရေလျှံနစ်မြှပ်မှု သဘာဝဘေး အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်း မြို့တွင်ခရိုင်၊ မြို့နယ်သဘာဝ ဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ၏ ၁/၂၀၂၆ခုနှစ်၊ မိုးရာသီကာ လကြုံတွေ့လာနိုင်သည့်ရေကြီးရေလျှံနစ်မြှုပ်မှု သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က၊ ဟုမ္မလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့ရှိ ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်၏ ငါးအမှုန့်ကြိတ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းနှင့်သက်ဆိုင်သည့် အချက်အလက်များ ရှင်းလင်းတင်ပြ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုန်တွင် ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်မှ အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် “ငါးအမှုန့်ကြိတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း”နှင့်သက်ဆိုင်သည့်   ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း(Initial Environmental Examination IEE)ဆိုင်ရာ အချက်အလက်များရှင်း လင်းတင်ပြခြင်းနှင့် အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းကို ဇွန်(၂၅)ရက် နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ပို့ချ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဥပဒေချုပ်ရုံးမှကြီးမှူး၍ ရပ်ကွက်၊  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း(TOT)ကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်သည်။

ကျိုက်လတ်မြို့နယ်၌ မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲ နှင့် တောင်သူ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးရာသီ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး (RS to CS) စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား အသိပညာပေး ဆွေးနွေးပွဲကို ဇွန်လ (၂၄)ရက်၊ နေ့လယ်ပိုင်း က ပန်းဘဲစုကျေးရွာ အုပ်စု၊ အခြံချောင်းကျေးရွာရှိတောင်သူ ဦးမျိုးဝင်း၏ လယ် မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀) လမင်းစီမံချက် ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက် အ.လ.က လေးမျက်နှာအခြေခံပညာအလယ်တန်းကျောင်း၌ အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်/စိစစ်ကတ်) နှင့် Unique Identification Number (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ပေးခဲ့သည်။

လက်ပံတန်းမြို့၌ ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မီးသတ်ဦးစီးဌာနက ရေဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇွန်လ (၂၃) ရက်နေ့နံနက်ပိုင်းက တာဆိပ်ကျေးရွာအုပ်စု တာဆိပ်ချောင်း၌ ပြုလုပ်ခဲ့သည်။

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပဉ္စမနေ့) ကျင်းပ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒဂုံတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ ပလန(၃) အင်းကြင်းမြိုင်ကျေးရွာအတွင်း စတုတ္ထအကြိမ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စတုတ္ထအကြိမ်မြောက်အဖြစ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလန-၃ အင်းကြင်းမြိုင်ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ