မိုင်းနောင်၌ (၅ ရက်တစ်ပတ်)ပျံကျဈေးအား ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြု
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီနှင့် မြို့နယ်ခွဲစည်ပင်သာယာရေးဌာန တာ၀န်ရှိသူများ၏ ဆွေးနွေး ဆုံးဖြတ်ချက်အရ ဈေးသည်များ၊ ဒေသနေပြည်သူများ စား၀တ်နေရေး အဆင်ပြေစေရေး အတွက် (၅ရက်တစ်ပတ်) ပျံကျဈေးအား ယနေ့ နံနက် တွင်ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း သိရသည်။