ကချင်ပြည်နယ်

မချမ်းဘောမြို့၌ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့

မချမ်းဘောမြို့ရှိ သက်ကြီးရွယ်အိုဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ သက်ကြီးဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခြင်းနှင့် အသိပညာပေးခြင်းတို့ကို ပူတာအိုခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မချမ်းဘောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ပူးပေါင်း၍ ယမန်နေ့ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်းဆောင်ရွက်ခဲ့ကြသည်။ 

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် ကျင်းပသည့် Cleaning Campaign သို့ တက်‌ရောက်

ပတ်ဝန်းကျင် သန့်ရှင်းသာယာစေရေးနှင့် လူမှုတာဝန်ယူစိတ် မြှင့်တင်နိုင်စေရေး ရည်ရွယ်၍ Cleaning Campaign အဖြစ် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့အားကစားကွင်းနှင့် ကမ်းနားလမ်း တလျှောက်တို့တွင် မတ် ၂၄ ရက် နံနက်ပိုင်းက ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်း ဆောင်ရွက်သည်။

မချမ်းဘောမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှကျန်းမာရေးအသိပညာပေး

ဒေသခံပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ယနေ့နံနက်၁၀ နာရီက မချမ်းဘောမြို့ ဂူဘားခန်းမ၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ပွင့်လင်းရာသီတွင်ဖြစ်ပွားတတ်သော မီးလောင်မှုများကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်နည်းများ အများပြည်သူသိရှိစေရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မတ် ၂၄ ရက်နေ့ ညနေ ၄ နာရီက မချမ်းဘောမြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့၌ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းများဖြန့်ဝေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ မြို့တော်ခန်းမရှေ့ ပြည်ထောင်စုလမ်းမ၌ မတ်လ(၂၄)ရက် နံနက်(၈)နာရီတွင် "တီဘီရောဂါကင်းဝေးဖို့ နိုင်ငံတော်ကဦးဆောင်လို့ ပြည်သူအားဖြင့်ဆောင်ရွက်စို့" Yes We Can End Tb Led By Countries, Power By People ဆောင်ပုဒ်ဖြင့် ကမ္ဘာတီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းများ ဖြန့်ဝေကြောင်း သိရသည်။

ကချင်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ပြည်နယ်ဧရိယာ၏ (၆၇ ဒဿမ ၈၉) ရာခိုင်နှုန်း၊ ဧရိယာဧက ၁၄ ဒဿမ ၉၃ သန်းရှိပြီး နိုင်ငံ့ဧရိယာ၏ (၀ ဒဿမ ၅၂) ရာခိုင်နှန်းရှိသည့်အပြင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းလျက်ရှိ

ကချင်ပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ပြည်နယ်ဧရိယာ၏ ၆၇ ဒဿမ ၈၉ ရာခိုင်နှုန်းနှင့် ဧရိယာဧက ၁၄ ဒဿမ ၉၃ သန်းရှိပြီး နိုင်ငံ့ဧရိယာ၏ ၀ ဒဿမ ၅၂ ရာခိုင်နှုန်းရှိကြောင်း မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်ချိန်းယာယီတိမ်းရှောင်စခန်း အိမ်ရာသစ် ဆုတောင်းပွဲ၊ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ဝိုင်းမော်ဒေသခံပြည်သူများအား အသိပေးရှင်းလင်း

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒေသတွင်း နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာသော မိသားစုများအား နေရာချထား ထောက်ပံ့ပေးလျက်ရှိရာ မန်ခိန်ရပ်ကွက်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေနေရာတွင် နေရာချထားပေးခဲ့သော နောင်ချိန်ကျေးရွာမှ အိမ်ထောင်စုများက ယာယီခိုလှုံရာအိမ်ရာအသစ်ရရှိခြင်း ကျေးဇူးတော်ချီးမွှမ်းဆု‌တောင်းပွဲကို အဆိုပါ ယာယီအိမ်ရာစခန်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။

မိုးညှင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲကို မတ် ၂၃ ရက်နေ့ နံနက်(၉)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

ပူတာအိုခရိုင်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသား ကျောင်းသူများ အခြေခံအင်္ဂလိပ်စာကို တတ်မြောက်နိုင်ရန်နှင့် နွေရာသီကျောင်းပိတ်သည့် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်အတွက် အလယ်တန်း၊ အထက်တန်းအဆင့် နွေရာသီ အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်(၂၃)ရက် မွှန်းလွှဲ(၁)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများအတွက် စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်