ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့၌ကျင်းပသည့် မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲသို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဝန်ကြီးချုပ်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှ အေးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းတွင် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ အောင်သပြေရပ်ကွက်ရှိ စုပေါင်းရုံးရှေ့ကွင်းပြင်၌ ကျင်းပသည့် ယခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား)ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်ဖူဆယ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား) ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်လက်ရွေးစင်ဖူဆယ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင် အဆိုပါ တက္ကသိုလ်၏ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲကကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ‌သည်။

မိုးကောင်းမြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း နည်းပြဆရာဖြစ်သင်တန်းပို့ချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း နည်းပြဆရာဖြစ်သင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီတွင် ပို့ချသင်ကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် ဟိုပင်မြို့၌ ဌာနဆိုင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ စာပေ ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ

ကချင်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးမှုအများဆုံးနှင့် အဓိကစိုက်ပျိုး‌ရာ ဒေသတစ်ခုဖြစ်သည့် မိုးညှင်းခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆန်စက်၊ ဆီစက်များ အဆင့်မြင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဟိုပင်ဒေသအတွင်း ဒေသခံပြည်သူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတက်ရောက်၊ မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့၌ လူနေအိမ် ၂ လုံး မီးလောင်မှုဖြစ်ပွါး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်(၂)လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၅၂ ဒဿမ ၂၅ ရာခိုင်နှုန်းခန့်ရှိ

၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ဇူလိုင်(၂၇)ရက်နံနက်ပိုင်းတွင် ထုတ်ပြန်ထား ပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံးနှင့် အထက(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အထက-ပင်းဘောတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားကြောင်းသိရသည်။

တနိုင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ၄ ဘာသာ ဂုဏ်ထူးရှင်၊ ၃ ဦး ၃ဘာသာ ဂုဏ်ထူးရှင် အပါအဝင်ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၉၂ ဦး ဖြေဆိုအောင်မြင်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အထက(၁)တနိုင်းစာစစ်ဌာနနှင့် အထက ရှင်ဗွေယန် စာစစ်ဌာနတွင်ထုတ်ပြန်ကြေညာခဲ့ရာကျောင်းသားကျောင်းသူစုစုပေါင်း  ၁၉၂ ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင်၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ၃၉ ရာခိုင်နှုန်းကျော် အောင်မြင်

၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ‌ အောင်စာရင်းကို ဇူလိုင်(၂၇)ရက် နံနက်ပိုင်းကထွက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲ ‌‌ဖြေဆိုအောင်မြင်သူ (၃၉)ရာခိုင်နှုန်း‌ကျော်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to ကချင်ပြည်နယ်