ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တပေါင်းပွဲတော်တွင် ကုသိုလ်ဒါနပြုပါဝင်ဆင်နွှဲကြသူများဖြင့်စည်ကား
ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော တပေါင်းလပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တပေါင်းပွဲတော် ရွှေကြာသင်္ကန်းများဆက်ကပ်လှူဒါန်းပွဲ၊ အာရုံဆွမ်း၊ သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းပွဲ၊ ဗုဒ္ဓပူဇနိယပူဇော်ပွဲ၊ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဧည့်ပရိတ်သတ်များအား စတုဒိသာကျွေးမွေးဧည့်ခံခြင်းတို့တွင် ကုသိုလ်ဒါနပြုကြသူများ၊ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။