ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမများ၏ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့်ဆွေးနွေးပွဲများ ဖွင့်လှစ်နေမှုများကို ကြည့်ရှုအားပေး
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပညာရေးဌာနတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ အမှတ်(၁)၊ အမှတ်(၅)နှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများ၌ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ဆရာ ဆရာမများ၏ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။