သတင်းများ

ဖျာပုံမြို့၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဇိဝိတဒါနအဖြစ် ငါးသားပေါက်ကောင်ရေ (၁) သိန်းလွှတ်
May 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဆုတောင်းပြည့် ပြည်လုံးချမ်းသာသာစည်ဘုရားကြီး ဂေါပကအဖွဲတို့ ပူးပေါင်း၍ ကဆုန်ညောင်ရေ သွန်းပွဲနှင့်ဇိဝိတဒါနအဖြစ် ငါးသားပေါက်ကောင်ရေ (၁)သိန်းလွှတ်ပွဲကို ယမန်နေ့ ညနေပိုင်းအချိန်က ဖျာပုံမြို့ ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးရှေ့တွင် ကျင်းပပြုလုပ်သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ထူးချွန်လူရည်ချွန် ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
May 01,2026
ကဆုန်လပြည့်နေ့သည် (ဗျာဒိတ်၊ ဖွား၊ မြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့်စပ်လျဉ်း၍ အလွန်ထူးခြားသည့် ဗုဒ္ဓဝင်မှတ်တိုင်များကို အခိုင်အမာစိုက်ထူခဲ့သည့် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဘားအံမြို့ ကျက်သရေဆောင်သေဋ္ဌမာရ်အောင် မြတ်စွာဘုရားပရဝုဏ်အတွင်း အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်ရင်း၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခမ်းအနားနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
May 01,2026
ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ​သာသနာ့ဗိမာန်ခန်းမဆောင်၌ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ‌ ဈေးများတွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်
Apr 30,2026
(၅-၅-၂၀၂၆)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေး(ယာယီ)၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီအရာရှိ ဦးနိုင်ဝင်းစိန်ဦးဆောင်၍ ယမန်နေ့(၁၃)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
သထုံမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲပြုလုပ်
Apr 30,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယ‌မန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
မဟာအောင်မြေမြို့နယ်၊ သံလျှက်‌မှော်အရှေ့ရပ်ကွက်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကွင်းဆင်းစစ်ဆေးကြည့်ရှု
Apr 30,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ မဟာအောင်မြေမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးစိုးနိုင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သံလျှက်မှော် အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့်ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ၏ ဆန္ဒသဘောထားများအား လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခဲ့သည်။
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းအတွင်း စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းဆောင်ရွက်
Apr 30,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့လာရောက်သောကြသူများအား ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ယမန်နေ့နံနက် ၁၀ နာရီက ကလေးစာဖတ်ခန်းအတွင်း ရောင်စုံစက္ကူများဖြင့် စက္ကူအရုပ်ခေါက်နည်း များကို သင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။        
ညောင်ရွှေမြို့နယ်အတွင်း ပထမရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Apr 30,2026
ညောင်ရွှေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းလုပ်ငန်းကို ဧပြီ (၂၈)ရက်နေ့ နေ့လည်ပိုင်းက တိလောစခန်းကြီး ကျေးရွာအုပ်စု၊ တိလောကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။