သတင်းများ

သံဖြူဇရပ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Apr 30,2026
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးဌာနမှ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းက ကျုံကဒတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ဟင်္သာတအကျဉ်းထောင် မှ ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) အခါသမယ အထိမ်းအမှတ် အားဖြင့် အကျဉ်းသား ကျား (၁၇)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၉)ဦးတို့အား အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေး
Apr 30,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတအကျဉ်းထောင် သီးသန့် တရားရုံးတွင် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊  ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက် ထားသောအားဖြင့် လည်းကောင်း၊ အကျဉ်းသား ကျား (၁၇)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၉)ဦးတို့အား အကျဉ်းထောင်မှလွှတ်ပေးခဲ့သည်။
ပေါင်းတည်အချုပ်ထောင်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် အချုပ်သား (၈) ဦး လွတ်ငြိမ်းသက်သာခွင့်ပြု
Apr 30,2026
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်အချုပ်ထောင်မှ ယနေ့ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်၊ ၁၃၈၈ ခု ကဆုန်လပြည့်နေ့ နံနက် ၈နာရီ မိနစ်၄၀ မှ နံနက် ၉နာရီအချိန်ထိ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသာမယအထိမ်းအမှတ်အားဖြင့်လည်း‌ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ကျင့် ၄၀၁ (၁)၊ အမိန့်အမှတ် (၅၁/၂၀၂၆)အရ စည်းကမ်းသတ်မှတ်ချက်များ ညီညွတ်သော ပေါင်းတည်အချုပ်ထောင်မှ အကျဥ်းသား (၈) ဦးတို့အား ပြစ်ဒဏ်အသီးသီးမှလျော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း အခမ်းအနားကို ပေါင်းတည်အချုပ်ထောင်ရှိ ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Apr 30,2026
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဧပြီ (၂၇)ရက်နေ့ ညနေ  (၆)နာရီ (၄၅)မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူ (၇၁)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
တာချီလိတ်မြို့တွင်း လမ်းမကြီးများနှင့် ချောင်း၊ မြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား အရေးယူမည်
Apr 30,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့တွင်းလမ်းမကြီးများနှင့် ရေနုတ်မြောင်း၊ ရေချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား တွေ့ရှိပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၇ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး
Apr 30,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်‌သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်အမှတ်(၅၁/၂၀၂၆)ကျင့် ၄၀၁(၁)အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇  ဦးကို  ဧပြီ ၃၀ ရက်က  လွှတ်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မကွေးမြို့ မြသလွန်စေတီတော်တွင်  ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Apr 30,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ မကွေးမြို့ရှိ သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်း အမှတ်အဖြစ် နှစ်စဉ်ရိုးရာမပျက် ညောင်ရေသွန်းပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြို့မြသလွန် စေတီတော် ဘုရားရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Apr 30,2026
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက်အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ပိုင်းက ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ပွဲရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။