ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၂)သင်တန်းဆင်းပွဲကျင်းပ
Apr 30,2026
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိနယ်မြေခံသင်တန်းကျောင်းတွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ နယ်မြေခံ သင်တန်း ကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။