သတင်းများ

ကျုံ​ပျော်တွင် စပါးခင်းအတွင်းသို့ငါးသား​ပေါက်​ကောင်​ရေ (၆၉၀၀၀)အား ငါးမျိုးစိုက်ထည့်
Aug 15,2020
ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရန်နှင့် ငါးမျိုးပြန်းတီးမှုမရှိ​​​စေရန် ရည်ရွယ်၍ စပါးခင်းအတွင်းသို့ ငါးသား​ပေါက် ကောင်​ရေ(၆၉၀၀၀)အား စုပေါင်း ငါးမျိုးစိုက်ထည့်ခြင်းကို ပုသိမ်ခရိုင်၊ ကျုံ​ပျော်မြို့နယ် ​မြေရဲ​မြောက်ကွင်းအတွင်း၌ ယမန်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့သည်။
၂၀၂၀- ၂၀၂၁ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်သင် ကျောင်းများဖွင့်လှစ်နိုင်ရန် အစည်းအဝေးပြုလုပ်
Aug 15,2020
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်- ၁၉ ကာလ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့်သင် ကျောင်းများဖွင့်လှစ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ Zoom Meeting အစည်းအဝေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများအသုံးပြုနေသည့် အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီမှ ကွင်းဆင်းစစ်ဆေး
Aug 15,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ အလှကုန်များ အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကုန်ပစ္စည်းများ၏ သတ်မှတ်အရည်အသွေး ပြည့်မီမှု ရှိ/မရှိ၊ သုံးစွဲရန် သင့်/မသင့်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ယုဇနပလာဇာစျေးအတွင်းရှိ အလှကုန် ရောင်းချနေသည့် ဆိုင်များတွင် ကွင်းဆင်း စစ်ဆေး ခဲ့သည်။
အုတ်ဖိုတွင် အခြေခံပညာကျောင်း (၁၆)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Aug 15,2020
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ခွဲဝေချထားမှုအရ အခြေခံပညာကျောင်း (၁၆)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက (အ.လ.က) ချမ်းမြသာမြေ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
မတ္တရာမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 15,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း (Mobile Service Delivery) ကွင်းဆင်း ဆောင်ရွက်
Aug 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS)ရုံးမှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း (Mobile Service Delivery) အစီအစဉ်ဖြင့် မြို့သစ်မြို့၊ ဗန္ဓုလကျေးရွာအုပ်စု၊ ဗန္ဓုလကျေးရွာ အုပ်ချူပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောခြင်းနှင့် ပြည်သူ့၀န်ဆောင်မှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Aug 15,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့လူမှုရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
မင်းလှမြို့၌ ပုံမှန်ဝင်ငွေမရှိသော ခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်း မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။