သတင်းများ

ရွေးကောက်ပွဲလုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ နိုင်ငံရေးပါတီများ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနား
Aug 14,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စံ(၅)ရပ်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင် သာမှု၊ အများယုံကြည်လက်ခံမှု ၊ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒနှင့်တစ်ထပ်တည်း ဖြစ်စေရေး ဟူသောရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ဒိန်းမတ်နိုင်ငံမှ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်နှင့် ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်အတွင်းမှ နိုင်ငံရေးပါတီများ On Line အသုံးပြုကာ (Video Conferencing) တွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုင်းတုံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ (ဒုတိယ)အကြိမ် ထောက်ပံ့ပေးအပ်
Aug 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှ (ဒုတိယ)အကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပုသိမ်မြို့တွင် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ Swen Hotel ခန်းမတွင် ယ​နေ့နံနက် ၁၀ နာရီက လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀%(ရာခိုင်နှုန်း) ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကျင်းပရာ ထောက်ပံ့​ ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ အာမခံ အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။
ကန့်ဘလူခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တေဇခန်းမ၌ ကျင်းပကြောင်း သိရသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု (၄၄၀၆၄) စုအား ထောက်ပံ့ငွေများ ပေးအပ်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်းသိရသည်။
မော်လိုက်မြို့ပေါ်ရပ်ကွက်များတွင် မဲဆန္ဒရှင်အမည်စာရင်း ကြေညာထားမှုတို့အား တိုင်းအဆင့် ရွေးကောက်ပွဲကော်မရှင်မှ လာရောက်ကြည့်ရှုစစ်ဆေး
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ကြေညာ ထားရှိမှုတို့အား ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်၊
ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး လမ်းကျိုးပေါက်မှုကို နေ့ချင်းပြီးပြုပြင်ဆောင်ရွက်နိုင်ခဲ့သဖြင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်းဖြတ်သန်းသွားလာ
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ဟန်ကဒိုင်ကျေးရွာ၊ အောင်ဇင်ဘာဆီအုန်း ကုမ္ပဏီအနီး၊ မိုင်တိုင်အမှတ် ၁၀၇၃ ဒသမ ၅နှင့် ၁၀၇၄ KMကြား ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး မြေကျွံ့ကျ၍ လမ်းကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်များခရီးကြန့်ကြာမှုမရှိစေရေး လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့ဌာနဆိုင်ရာအဖွဲ့များ၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ နေ့ချင်းပြီးပြုပြင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ယမန့်နေ့မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်က မော်တော်ယာဉ်များအားလုံး ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။