တနိုင်းမြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူများ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့ အခြေချနေထိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 14,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း၌ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီ ဖြစ်၍ အဆိုပါ နေရပ်စွန့်ခွာပြည်သူများ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။