သတင်းများ

ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် သဘာဝဘေးကြောင့်သီးနှံပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင်(၂၀၁၈-၂၀၁၉)ခုနှစ် မိုးလို၊မိုးခေါင်သဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့်သီးနှံများပျက်စီး ဆုံးရှုံးခဲ့သည့်တောင်သူများအားထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက် ၈နာရီ အချိန်မှ စတင်ပြီးတောင်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးခြင်းများပြုလုပ်ခဲ့သည်။
မင်းဘူး (စကု) မြို့နယ်တွင် မြစ်ရေဝင်ရောက်မှုကြောင့် နေ​အိမ်ပြောင်းရွှေ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ​မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများမှ နေအိမ်ပြောင်းရွှေ့ ခဲ့ရသော ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ညောင်စဉ်ဘုန်းတော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရား ဓမ္မာရုံတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၉ လုံး အမိုးလန်ခြင်းနှင့် နေအိမ် ၁ လုံး ပြိုကျမှု ဖြစ်ပွား
Aug 05,2020
သထုံခရိုင် ပေါင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ နေအိမ်ပြိုကျခြင်း၊ နေအိမ်အမိုးလန်ခြင်းနှင့် သစ်ပင်လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုနှစ် ခုနှစ်လတာကာလအတွင်း ဧရာဝတီလင်းပိုင် (၇) ကောင် သေဆုံး
Aug 05,2020
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနှစ်လတာကာအတွင်း ဧရာဝတီလင်းပိုင် (၇) ကောင် သေဆုံးမှုရှိသွားပြီးဖြစ်ကြောင်း ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်းက ပြောကြားသည်။
တာလေမြို့၌ Home Quarantine ပြုလုပ်ထားသော နေရပ်ပြန်ပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်
Aug 05,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံစားသုံးကုန်ပစ္စည်းများကို Home Quarantine ၂၁ ရက် ပြုလုပ်ထားသော နေရပ်ပြန် ပြည်သူများအား ဩဂုတ် ၄ ရက်မွန်းလွှဲပိုင်းက ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး​ နေရာအချို့တွင် ရေကြီး​ရေလျှံမှု ​ဖြစ်ပွား
Aug 05,2020
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ယမန်နေ့ ည​နေ ၆ နာရီအချိန်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း​ကြောင့် ​ည ၇ နာရီခွဲအချိန်တွင် စက်သစ်ရပ်ကွက် သီရိရတနာလမ်းနှင့် သီတာလမ်းရှိ​နေအိမ် (၂၀) ခန့်အတွင်းသို့​ ရေတစ်​ပေခန့်ဝင်​ရောက်ခဲ့ခြင်း၊ ​ည၈နာရီခွဲတွင်
ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၂၈)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်
Aug 05,2020
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာ နိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေ သကြီး /ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင် ပေးလျက် ရှိရာ ဩဂုတ်လ ၃ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၂၁)ဉီး နှင့် ယနေ့မွန်းလွဲ(၃)နာရီ အချိန် က(၇)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၂၈)ဉီးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
ပေါင်မြို့မင်္ဂလာစျေးတွင် အမွှေးတိုင်မီးမှတစ်ဆင့် ဆိုင်ခန်း ၄ ခန်းမီးလောင်မှုဖြစ်
Aug 05,2020
သထုံခရိုင်၊ ပေါင်မြို့ ကဒါရပ်ကွက်၊ မင်္ဂလာစျေးတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်က အမွှေးတိုင်မီးမှတစ်ဆင့် စျေးဆိုင်ခန်း ၄ ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။