သတင်းများ

မိုင်းယန်းမြို့နယ် တောင်ပေါ်ကျေးရွာများသို့မဲဆန္ဒရှင်စာရင်းများ သွားရောက်ကြည့်ရှုရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲ‌ပေးသူများအမည်စာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်ကြည့်ရှုရေး အသိပညာပေး နံရံကပ်ပိုစတာများကပ်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်သိန်းနှင့်အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင်တောင်‌ပေါ် ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများသို့ကွင်းဆင်းကာသွားရောက်အသိပညာပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေလျှံ၍ တစ်ချို့နေအိမ်များနှင့်လမ်းများပေါ်တွင် ရေလွှမ်းမိုးမှုဖြစ်ပွား
Aug 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် ၅:၀၀ နာရီချိန်ခန့်မှစ၍ ပလောက်ချောင်းရေလျှံပြီး တစ်ချို့နေအိမ်များနှင့် လမ်းများပေါ်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။
သန်လျင်မြို့နယ်တွင် “သင့်အမည်ပါဝင်ပါသလား” ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 05,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ
နမ္မတူတွင် မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ်ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား ပြည်သူများ က လာရောက်ကြည့်ရှုပြီး အချက်အလက်မှန်ကန်စေရေး ပြင်ဆင်လျှောက်ထား
Aug 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာများအလိုက် ဇူလိုင်လ (၂၅)ရက်နေ့မှ ဩဂုတ်လ (၇)ရက်နေ့အထိ မဲဆန္ဒရှင်အမည်စာရင်းများ ပထမ အကြိမ်ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ပြည်သူများက လာရောက်ကြည့်ရှုပြီး အချက်အလက် မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက် ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ထီးလင်းမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်း၌ အချက်အလက်များမှန်ကန်မှုရှိစေရေး ပြည်သူများလာရောက်ကြည့်ရှု
Aug 05,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အတွက် အခြေခံမဲ ဆန္ဒရှင်စာရင်းများကို ထီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ မဲစာရင်းများ၌ အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ပြည်သူများက လာရောက်ကြည့်ရှုပြီး ပြင်ဆင်ရန် လိုအပ်သည့် အချက်များအား ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံကွန်ကရစ်တံတားချဉ်းကပ်လမ်း ပျက်စီး
Aug 05,2020
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ချောင်းဆုံကျေးရွာ အရှေ့မြောက်ဘက်ရှိ ကွန်ကရစ်တံတား ချဉ်းကပ်များ ပျက်စီးခဲ့ပြီး နတ်ကန် ဦးကျေးရွာနှင့် အုတ်ရှစ်ကုန်းကျေးရွာအကြား ချောင်းရေလျှံတက်မှုကြောင့် နေအိမ်နှစ်လုံး၊ လမ်းလုပ်သားများ၏ ယာယီတဲများ ရေဝင်ရောက်ခဲ့ပြီး ဝက်တစ်ကောင်နှင့် လက်ကိုင်ဖုန်းသုံးလုံး မျှောပါသွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြဝတီမြို့သောင်ရင်းမြစ်ရေစီးဆင်းမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Aug 05,2020
မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့၌ မိုးတွင်းကာလများတွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်လျက် ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိပါသည်။
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့် ရေဝင် ရောက်သည့် ရေဘေးရှောင်အိမ်ထောင်စု (၈၆) စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လေးထပ်ကျောင်း၊ စံပုံတင်ကျောင်းနှင့် ထုံးတောင်ကျောင်းတို့ တွင် ကျင်းပခဲ့သည်။