သတင်းများ

နွားထိုးကြီးမြို့တွင် အရေးပေါ်ရိက္ခာ စားအုန်းဆီ တန်ချိန် ၄၂ တန်ကို သိုလှောင်ရုံတွင် စတင်သိုလှောင်
Aug 05,2020
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ် ရိက္ခာ စားအုန်းဆီ တန်ချိန် ၄၂ တန် (ဆီပုံး-၂၅၈၇ ပုံး) ထဲမှ စားအုန်းဆီ ၁၇၉၈ ပုံး (တန်ချိန် ၂၉ တန်)ကို နွားထိုးကြီးမြို့ မြို့နယ် အားကစားခန်းမ၌ ဇူလိုင် ၃၀ ရက်နေ့တွင် စတင်လက်ခံသိုလှောင်နေပြီဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာ
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကြေညာထားရှိမှုများကို ယမန်နေ့မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးအလုပ်အမှုဆောင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ သက်ဆိုင်ရာ ကော်မရှင်ရုံးသို့ ကွင်းဆင်း လေ့လာခဲ့ကြသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်ပိတ်ထားသည့်ကာလအတွင်း ဆင်စာဘူဖေးကျွေးမှု (၄၅) ကြိမ်ထိရှိလာ
Aug 05,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာ ဆင်စခန်းပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)ထံက သိရသည်။
လှည်းကူးမြို့နယ် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်တွင် Quarantine ဝင်နေသူများအနက်မှ ရောဂါပိုး တွေ့ရှိသူ(၂)ဦးအား ဝေဘာဂီဆေးရုံသို့ပို့ဆောင်
Aug 05,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်တွင် Quarantine ဝင်နေသူများ အနက်မှ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပလမြို့၌ လေပြင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျ၍ အိမ်ပြိုမှုဖြစ်ပွား
Aug 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့၊ အမှတ် (၃) ရပ်ကွက် အောင်ရတနာ မြိတ်ကားလမ်း၊ ဇာဒီတောင်ဘုရားအနီးတွင် လေပြင်းတိုက်ခိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျ၍ အိမ်ပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမြေထိန်းနံရံ တည်ဆောက်ရေး လုပ်ငန်းများအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Aug 05,2020
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက် အဝင်ပေါက်လမ်းခင်းကျင်း နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ စုစုပေါင်း(၄)ခုနှင့် ရေနုတ်မြောင်း တည်ဆောက်မှုအခြေအနေများကို ယမန်နေ့တွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Aug 05,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင် တုံ့ပြန်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသော စေတနာ့ ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်းတို့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမမောင်းမြို့၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုဖြစ်ပွား
Aug 05,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ယနေ့နံနက်(၇)နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် အမှတ်(၃)ရပ်ကွက်၊ အာသောကာရာမဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိသစ်ပင်လဲ ကျမှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။