သတင်းများ

မရမ်းကုန်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ဖြန့်ဝေ
Aug 05,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက
သရက်မြို့နယ်၊ စမ်းအိုင့်နှင့် ပိဿလိမ်းကျေးရွာများရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင် အိမ်ထောင်စု(၄၁)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက စမ်းအိုင့်ကျေးရွာဓမ္မာရုံနှင့် ပိဿလိမ်း ကျေးရွာ စာသင်ကျောင်းတို့တွင်သွားရောက် ပေးအပ်ခဲ့သည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မျိုးစေ့ထုတ်စပါးခင်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ဘားအံခရိုင် စိုက်ပျိုးရေးဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု
Aug 05,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ် စပါးစိုက်ခင်းဧရိယာများတွင်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြို့မရပ်ကွက်ရှိ မြစ်သာမြစ်ရှောင်လမ်းနှင့် ဌာနဆိုင်ရာ ရုံးများသို့ ဆက်သွယ်သည့် ရုံးပေါင်းစုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၁-၇-၂၀၂၀ ပြည့်နှစ်မှ စ၍ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
လမ်းမတော်မြို့နယ်  UMFCCI  တွင် Myanmar 4.0 Whitepaper ပြင်ဆင်ရေးဆွဲနိုင်ရေးဆွေးနွေးပွဲကျင်းပ
Aug 05,2020
လမ်းမတော်မြို့နယ်  UMFCCI  တွင် နိုင်ငံတော်အစိုးရမှ ဦးစီးပြီး စတုတ္ထစက်မှုတော်လှန်ရေးနှင့် အာဆီယံ (၄.၀) စီမံကိန်း တို့ကို ဦးတည်သော မြန်မာ ၄.၀ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ Myanmar 4.0 Whitepaper ရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။
ပေါင်းတည်မြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား Mobile ဓာတ်ခွဲစမ်းသပ်ရေး ယာဉ်ဖြင့် စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် Mobile ဓာတ်ခွဲစစ်ဆေးရေးယာဉ်ဖြင့် စျေးများအတွင်း ရောင်းချလျက်ရှိသည့်
မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား ကျေးရွာအုပ်စုများအရောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး
Aug 05,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို ဩဂုတ်လ (၄) ရက်၊ နံနက် (၉) နာရီအချိန်က တောင်သာမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာများအရောက် သွားရောက်၍ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
မအူပင်မြို့နယ်၌ အောက်ထုံးကျေးရွာအုပ်စုတွင် မြစ်ရေတိုက်စားမှုကြောင့် ဖျက်သိမ်းပြောင်း ရွှေ့ခဲ့ရသည့် နေအိမ်(၄၅)လုံး အတွက် ထောက်ပံငွေပေးအပ်
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စု အတွင်းရှိ အောက်ထုံးကျေးရွာ၊ အင်းတေးစုကျေးရွာ၊ မရမ်းစုကျေးရွာ၊ ဗာမဏီကျေးရွာ နှင့် စစ်ကုန်းကျေးရွာများတွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးခိုင်ခန့်မှု အားနည်းသဖြင့် မြစ်ကမ်းနှင့် နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ်ကြောင့် နေအိမ်(၄၅) လုံး၊ အိမ်ထောင်စု(၄၅)စု လူဦးရေ (၁၈၈)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အောက်ထုံးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။